Google My Business လုပ်ထားခြင်း အကျိုးကျေးဇူး

  • Home
  • Blog
  • Google My Business လုပ်ထားခြင်း အကျိုးကျေးဇူး

Google My Business Listing ထားခြင်း

ယခုလို Internet ခေတ်ကြီးမှာ လူကြီးမင်းတို့၏ လုပ်ငန်း အသီးသီးကို Internet ပေါ်ကနေရှာရလွယ်အောင် Google Map and Google Search မှာထားရှိသင့်ပါတယ်။

ယခုအချိန်ထိ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအသီးသီးကို Google Map ပေါ်မှာ ရောက်ရှိနေပြီလား …?

Map ပေါ်မှာ မရောက်ရှိသေးရင်တော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းဟာဆိုရင် သူများတွေထက် ခြေတစ်လှမ်းနောက်ကျ နေပြီပဲ ဖြစ်ပါတယ်။

မိမိလုပ်ငန်းကို အခြားသူများတွေနဲ့ တန်းတူယှဉ်နှိုင်းဖို့ဆိုရင် Facebook လိုမျိုး လူသုံးများတဲ့ Social Media တစ်ခုတည်းနဲ့ ကျေနပ်နေလို့ မရတော့ပါဘူး။

ယနေ့ခေတ် Digital Marketing ဟာ Omni-channel Marketing ဖြစ်လာတာကြောင့် တခြားလူသုံးများတဲ့ Google ကနေ ဝန်ဆောင်မှု Free ပေးထားတဲ့ Google My Business ကိုသုံးပြီး မိမိလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။

Google My Business ဆိုတာဘာလဲ..?

Google My Business ဆိုတာက လူကြီးမင်း၏ Business location ကို လူအများအပြား မြင်တွေ့လို့လွယ်အောင် မြေပုံနဲ့တကွ Google ပေါ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူတိုင်း မိမိသိချင်တာတစ်ခုခု ရှာချင်ရင် များသောအားဖြင့် Facebook ကနေရှာကြပါတယ်။


ဒါပေမယ့် အများစု သတိမထားမိတဲ့အရာကတော့ မိမိတို့ ရဲ့ Phone တွေထဲ Google Maps ဆိုတဲ့ Application ရှိတယ်ဆိုတာကိုပါပဲ။
သင်ဟာ တစ်နေရာကိုရောက်လို့ နီးစပ်ရာ စားသောက်ဆိုင်၊ ဟိုတယ်၊ လုပ်ငန်းအစရှိတာတွေကို ရှာမယ်ပြီး ပြီးရင် အဲ့နေရာကို လမ်းညွှန်ချက်ယူပြီးသွားမယ်ဆိုရင် Google Maps ကိုအသုံးပြုပြီး သွားနိုင်ပါတယ်။

Google Maps ကိုလက်ရှိအသုံးပြုနေတဲ့ လူပေါင်းဟာ သန်း ၁၅၀၀ ကျော်ရှိပါတယ်။ သင့်လုပ်ငန်းက သန်း ၁၅၀၀ ကျော်ရှိတဲ့ Google Maps ပေါ်မှရှိမနေဘူးဆိုရင် သင့်ရဲ့ အလားလာရှိတဲ့ Customer တွေကို နေ့စဥ်နဲ့အမျှဆုံးရှုံးနေရမှာပါ။

Google Maps မှာ သင့်လုပ်ငန်းရောက်ရှိနေပြီဆိုရင် သင့်လုပ်ငန်းအား Google Search ကနေရှာလျင် ဖော်ပြပေးနိုင်ပါတယ်။

အခုခေတ်ဆို လူတော်တော်များများက Google မှ တဆင့် ကိုယ့်ရဲ့ website ကို အရင် ဝင်ကြည့်ပီး မှ ပစ္စည်းတွေ ဝယ်လေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ပိုင် website တစ်ခုထားရှိဖို့ လိုပါသေးတယ်။

နောက်တစ်ခုက မိမိလုပ်ငန်းရဲ့ location နဲ့ website လိပ်စာ အတိအကျ ကို Google Map နှင့်တကွ ဖော်ပြပေးဖို့လိုပါတယ်။ Location အရ လူတွေက သင့် Business တည်ရှိရာကိုလာဖို့ လွယ်ပါတယ်။နေရာ ဒေသ အတိအကျ မသိရင်တောင် မြေပုံအရ သင့် Business ရှိရာကို လမ်းညွှန်ချက်ယူပြီးလာလို့ရပါတယ်။ Google Maps နဲ့ My Business ကထိုကဲ့သို့သော ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ပါတယ်။

Google My Business ရဲ့ အားသာချက်တွေကဘာတွေလဲ…?

ကိုယ်ရဲ့လုပ်ငန်းကို ဘယ်လိုCustomer တွေနဲ့ ဘယ်နေရာကနေရှာနေတယ်ဆိုတာကို မိမိရဲ့ Google My Business Account တစ်ခုကနေ ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ပြီးတော့ Local search (အလွယ်တကူရှာလို့ရတဲ့နည်း)တွေဖြစ်တဲ့ Google search နဲ့ Google map တွေပေါ်မှာဖော်ပြပေးထားတဲ့ Phone number ကနေပြီးကိုယ့်ဆီဘယ်နှစ်ယောက်ဆက်သွယ်လာတယ်ဆိုတာကိုသိဖို့ မိမိရဲ့ Google My Business Account ကနေကြည့်နိုင်ပါတယ်။

Google My Business က ဝန်ဆောင်မှု Free ဖြစ်တဲ့အပြင် မိမိလုပ်ငန်းအတွက် customer တွေရဲ့ စိတ်ဝင်စားမှုကို အပြည်အဝ ရရှိမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ local Business(အသေးစားစီးပွားရေးလုပ်ငန်းရှင်)ရှိသူတိုင်းအတွက် အသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။

အကယ်၍ လူကြီးမင်း၏လုပ်ငန်းဟာ Google My Business ကိုအသုံးပြုပြီး Google Maps ပေါ်ရောက်အောင် မပြုလုပ်နိုင်ခံဘူးဆိုလျင် ကျွန်တော်တို့ MMITSG One Stop Service မှ ၀န်ဆောင်မှုပေးသည့် Google My Business (GMB) Service ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖုန်း 09 9543 54445, 09786676788 သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်