Email ဆိုတာဘာလဲ?

မေး  ဘာလဲဗျ ကိုယ်ပိုင် Email ဆိုတာ?

ဖြေ  ဒီလိုလေဗျာ၊ လူကြီးမင်း Gmail သုံးဖူးတယ် မဟုတ်လား။ လူကြီးမင်း gmail လိပ်စာရဲ့ နောက်မှာ @gmail.com ဆိုတာသိမှာပေါ့။ ကျွန်တော်ပြောတာက @yourcompany.com   ဆိုတာ မျိုးဗျ။

 

မေး  ခင်ဗျားကလဲ ဘာများ ကွာမှာ မို့လို့လဲ ?

ဖြေ  ကွာသပေါ့ လူကြီးမင်းရယ် စဉ်းစားကြည့်လေဗျာ။ လူကြီးနဲ့ နည်းတူ လူတိုင်းသုံးလို့ရနေတဲ့ gmail မှာ သွားစကားပြောရင် လူကြီးမင်း ပြောတာ ကုမ္ပဏီကလို့ ယုံပါ့မလား။ လူကြီးမင်းပဲ စဉ်းစားကြည့်လေ       နိုင်ငံခြားက ကုမ္ပဏီ အကြီးကြီး တစ်ခုက ခင်ဗျားကို [email protected] ဆိုတာ Samsung Company ကြီးမှာလုပ်နေပါတယ်လို့ ပြောရင် ခင်ဗျားရော ယုံမလား။ [email protected]ဆိုတာမျိုးက   ကြည့်လိုက်တာနဲ့ အထင်ကြီးဖို့ မကောင်းဘူးလား။

 

မေး  ညွှန်းတာတော့ ကောင်းသဗျ၊ gmail လဲ အလုပ်ဖြစ်နေတာပဲဗျာ။ ခင်ဗျားပြောတဲ့ ကိုယ်ပိုင်  ဒိုမိန်း .com နဲ့ Email ဆိုတာကြီးက အလုပ်ရှုပ်က ရှုပ်သနဲ့?မေး  ညွှန်းတာတော့ ကောင်းသဗျ၊ gmail လဲ အလုပ်ဖြစ်နေတာပဲဗျာ။ ခင်ဗျားပြောတဲ့ ကိုယ်ပိုင်  ဒိုမိန်း .com နဲ့ Email ဆိုတာကြီးက အလုပ်ရှုပ်က ရှုပ်သနဲ့?

ဖြေ  ကိုယ့်ဆရာရယ် အလုပ်လုပ်ပြီ ဆိုမှတော့ တကယ်လိုအပ်တယ်ဆို၊ မတတ်နိုင်ဘူးလေ အားစိုက် ရမှာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ခင်ဗျား Gmail သုံးနေကျ အတိုင်းသုံးလို့ရအောင် လုပ်လို့ ရတယ်ဗျ။ အရင်တုန်းကတော့ ကျုပ်တို့ ဆီမှာ email ဈေးကြီးလို့၊ ပိတ်ထားလို့ Gmail သုံးနေရ တယ်ဆိုတာ နိုင်ငံခြားကလူတွေက သိသဗျ၊ အခုမတူတော့ဘူးနော်။ စဉ်းစားကြည့်လေဗျာ ခင်ဗျား Tour Company နာမည်က မြန်မာ ဆိုပါစို့။ [email protected] ဆိုပြီး ခင်ဗျားက ဈေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ နောက်တစ်ယောက်က [email protected]ဆိုပြီး သူ့ရဲ့ ဈေးနှုန်းနဲ့ လိပ်စာပို့လိုက်တယ်။ ခင်ဗျား ဆီက ဈေးဝယ်မယ့်သူ အတွက် ခင်ဗျားအပေါ် ယုံကြည်မှု ဘယ့်လောက်များ နည်းသွားမလဲ ဆိုတာ။ စိတ်မဆိုးနဲ့နော် စေတနာနဲ့ ပြောတာ။

 

မေး  အေးပါ၊ ဟုတ်ပါပြီ။ ဒါလဲ ဟုတ်တော့ ဟုတ်တာပဲ။ ဒါနဲ့ မရှင်းတာက ခင်ဗျားပြောတဲ့ ကိုယ်ပိုင် ဒိုမိန်း .com နဲ့ email ဆိုတာက ဘယ်လိုမျိုးကွာလို့လဲ?

ဖြေ  ကွာတာပေါ့ ဆရာသမားရယ်၊ ဥပမာ လူကြီးမင်း နာမည် မောင်မောင် ဆိုတော့ [email protected]ဆိုပြီး ဖြစ်သွားမှာလေဗျာ။ ခင်ဗျား လုပ်ဖေါ်ကိုင်ဖက် နာမည် U Myo ဆိုတော့ [email protected]ဆိုပြီး ရမှာလေ။ အကွာဆုံးကိစ္စ ပြောပြမယ် လူကြီးမင်း မလုပ်ပေး ပဲနဲ့ နောက်ထပ် [email protected]ဆိုပြီး ဘယ်သူမှ လုပ်လို့မရဘူး။ အရှင်းဆုံး ပြောရရင် ခင်ဗျားမှာ ကိုယ်ပိုင် ဒိုမိန်း .com ရှိတယ် ဆိုတာနဲ့ တခြားလူတွေ ခင်ဗျားဆီကလို့ အယောင်ဆောင်လို့ မရတော့ဘူး။ ကဲ မကွာလားဗျာ၊ မကောင်းလားဗျာ။

 

မေး  ခင်ဗျား အပြောကတော့ ကောင်းတယ်၊ ဈေးကြီးတယ်ဗျ၊ ပြီးတော့ ကျုပ်လဲ လုပ်တတ် တာမဟုတ်ဘူး။ ရှပ်တယ်ဗျာ လုပ်ရတာ?

ဖြေ  အရင်တုန်းကလို ဈေးကြီးတယ် အောက်မေ့လို့လား။ ခင်ဗျား အတွက် ကိုယ်ပိုင် .com နဲ့ email အကောင့် (၃)ခုကို သုံးချင်သလောက်သာသုံး တစ်နှစ်ကို ခြောက်သောင်းဗျာ၊ တစ်လကို ငါးထောင့်၊ တစ်ရက်ကို ၁၆၆ ကျပ်။ ကဲ မတန်လားဗျာ။

 

မေး ဟုတ်ပါပြီဗျာ၊ ခင်ဗျားတို့ကို ဘယ်လို ဆက်သွယ်ရမလဲ?

ဖြေ  ဖုန်းနံပါတ်က ၀၉ ၉၅၄၃၅၄၄၄၅, ၀၉၄၂၁၆၁၅၅၅၄ ကို ဆက်လိုက်ပါဗျာ။

 

ဒါနဲ့ ကျွန်တော်တို့ email က [email protected] , [email protected] ပါဗျာ။