Domain Name ဆိုတာ ဘာလဲ ?

  • Home
  • Blog
  • Domain Name ဆိုတာ ဘာလဲ ?

Domain Name ဆိုတာ Internet address အင်တာနက် လိပ်စာတစ်ခုဖြစ်ပါ သည်။ Customer များက သင့်ရဲ့ Website ကို အလွယ်တကူ ရှာဖွေနိုင် အောင် ကူညီပေးပါသည်။ အိမ်တွေ၊ဆိုင်တွေမှာ လိပ်စာရှိသလို Website တွေ အားလုံးမှာ လဲ Domain Name တစ်ခုစီ ရှိကြပါသည်။

(ဥပမာ – Yourdomain အတွက် www.yourdoamin.com, www.yourdoamin.net, www.yourdomain.org စသည်ဖြင့် မိမိအလိုရှိသော (Domain) ရယူနိုင်ပါသည်။ ထိုနာမည် မိမိ၏ Domain သည် တစ်ကမ္ဘာလုံးတွင် တစ်ခုတည်း ရှိရပါသည်။)


ကျွန်တော်တို့ www.mmitsg.com သည် MMITSG အတွက် တစ်ခုပဲရှိရပါသည်။ တစ်ခြား တစ်ယောက်မှ www.mmitsg.com ဟု ထပ်မရယူနိုင်တော့ပါ။ တစ်ခြားလွတ်နေသော နာမည်များကို ရွေးချယ်ယူနိုင်ပါသည်။

ပုံမှန်အားဖြင့် Domain name တွေကတော့ .com , .net , .org , .info စသည်တွေကတော့ နိုင်ငံတစ်ကာ အသုံးပြုတဲ့ Domain Name Extension တွေပါပဲ……

နောက်က Domain name ကိုကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံကိုယ်စားပြု အသုံးပြုလည်းဆိုတာကိုသိရှိနိုင်ပါတယ်။

( ဥပမာ- ပြည်တွင်း(နိုင်ငံ)လုပ်ငန်းကို ရည်ရွယ်ချင်တဲ့ Website တွေက‌တော့    .us(United State) , .com.mm (Myanmar), .sg (Singapore), etc… စသည်တို့ဖြင့် အသုံးပြုကြပါတယ်… )